ငါးလုပ်ငန်းဦးစီးဌာနမှ သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးလုပ်ငန်းဦးစီးဌာနမှ သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးမျိုးစိုက်ထည့်





MNP ၊ မေ     ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် မေလ ၂၈ ရက်၊ နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစု‌ပေါင်း တစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။


ငါးမျိုးစိုက်ထည့်ရာတွင် သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်းစခန်း(သထုံ)မှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေလုပ်သားများက ငါးသားဖောက်စခန်း(သထုံ)မှထုတ်လုပ်သည့် နှစ်လက်မနှင့်အထက်အရွယ်အစားရှိ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း တစ်မျိုးလျှင် ကောင်ရေး (၅၀၀၀၀)စီ၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ(၁၅၀၀၀၀) ကို ဒုံသမိမြစ်အတွင်းသို့ စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)