Pages

Pages

မချမ်းဘော့မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

 


MNP - မေ   ၂၆


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က မချမ်းဘော့ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မချမ်းဘော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား၊ မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံရာတွင် ဆရာ/မများ၏ လက်ထဲတွင် လူမှုဆက်ဆံရေးမှအစ ပညာရေးထူးချွန်ထက်မြက်သော ကျောင်းသားများဖြစ်ဖို့ ယုံယုံကြည်ကြည် အပ်နှံရခြင်းဖြစ်ကြောင်း၊ မိဘများပူးပေါင်းပါဝင်မှသာလျှင် ကျောင်းသားများ၏ ပညာအရည်အသွေးမြင့်မားလာမှာဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူးကိုယ်စား အ.ထ.က မချမ်းဘော့ ကျောင်းအုပ်ဆရာကြီး ဦးညီညီစိုးမှ ကျောင်းအပ်နှံရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝေးလံခက်ခဲသော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့်စာ‌ရေးကိရိယာများ‌ ထောက်ပံ့ပေးအပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေး မြို့နယ်ဦးစီးအရာရှိ ဦးညီညီနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးမြင့်တို့ကလည်းကောင်း ပညာရေးဌာနမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားသူများအား အခမဲ့ ဖြန့်ဝေပေးသည့် ပုံနှိပ်များကို တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းသားသူများမှ လက်ခံရယူခဲ့ပြီး နေ့လည် ၁၁ နာရီခန့်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြောင်း သိရသည်။


သတင်း  - မချမ်းဘော့ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment