မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယူရီးယားမြေသြဇာ သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယူရီးယားမြေသြဇာ သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ရောင်းချပေး




MNP - မေ   ၂၁


မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် သီးနှံစိုက်ပျိုးလုပ်ကိုင်နေကြသော တောင်သူဦးကြီးများအတွက် လိုအပ်သောယူရီးယားမြေသြဇာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်တွင် အဆိုပါရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ယူရီးယားမြေသြဇာလာရောက်ဝယ်ယူသည့် တောင်သူများနှင့်တွေ့ဆုံရာတွင် သီးနှံပင်အရည်အသွေးကောင်းမွန်ရေး၊ အထွက်နှုန်းမြင့်မားရေးကို ဆောင်ရွက်ရာတွင် မြေဆီလွှာကောင်းမွန်ထက်သန်ရေးသည် အရေးကြီးသောအခြေခံအချက်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် မြေသြဇာများကို စနစ်တကျ စံချိန်စံညွှန်းနှင့်အညီ အသုံးပြုမှသာလျှင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းကာ သီးနှံပင်များအား အကျိုးရှိစေမည်ဖြစ်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါ သည်။


မလှိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ မိုးကြိုချည်မျှင်ချည်ဝါ (၈၀) ဧက၊ နွေစပါး (၂၁) ဧက စိုက်ပျိုး ထားရှိရာ ယူရီးယားမြေသြဇာ (၁) အိတ်လျှင်ငွေကျပ် (၃၁၈၀၀) နှုန်းဖြင့် ချည်မျှင်ချည်ဝါ စိုက်ပျိုးထားသော ဖက်ကုန်းကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာနေ တောင်သူ (၁၉) ဦး၊ ဧက (၂၀) အတွက် (၁) ဧကလျှင် (၁) အိတ်နှုန်း၊ နွေစပါးစိုက်ပျိုးထားသော ညောင်အုပ်ကျေးရွာအုပ်စု၊ မြို့ကုန်း ကျေးရွာနေ တောင်သူ (၁၁) ဦး၊ ဧက (၁၉) အတွက် (၁) ဧကလျှင် အိတ်ဝက်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)