ဘိုင်ဒန်အပါအဝင် အမေရိကန်နိုင်ငံသား ၉၆၃ ဦးကို ရုရှားက ပြည်ဝင်ခွင့် ပိတ်ပင်၊ ယူကရိန်းသမ္မတက ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေး အာမခံစာချုပ် ရေးဆွဲနေကြောင်းပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုင်ဒန်အပါအဝင် အမေရိကန်နိုင်ငံသား ၉၆၃ ဦးကို ရုရှားက ပြည်ဝင်ခွင့် ပိတ်ပင်၊ ယူကရိန်းသမ္မတက ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေး အာမခံစာချုပ် ရေးဆွဲနေကြောင်းပြော


ပေကျင်း၊ မေ ၂၃ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင်အမေရိကန်နိုင်ငံသား၉၆၃ ဦးကို နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်းကို မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းသည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေးအာမခံ စာချုပ်တစ်ရပ် ရေးဆွဲနေကြောင်း မေ ၂၁ ရက်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်သည့် အမည်စာရင်းတစ်ခုကို မေ ၂၁ ရက်တွင် ကြေညာခဲ့ပြီး ယင်းအမည်စာရင်းတွင် သမ္မတဘိုင်ဒန်အပါအဝင် အမေရိကန်နိုင်ငံသား စုစုပေါင်း၉၆၃ ဦးပါဝင်ကြောင်း သိရသည်။အမေရိကန်အစိုးရ၏ ရန်လိုသည့် လုပ်ရပ်များကိုသင့်လျော်သည့် တန်ပြန်လုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်ရုရှားမှတန်ပြန်ပိတ်ဆို့မှုများကို မဖြစ်မနေလုပ်ဆောင်ရမည့်အနေအထားဖြစ်နေကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်ခဲ့သည်။ ရုရှားသည် ထိပ်တိုက်ရင်ဆိုင်မှုများမဟုတ်ဘဲ အပြန်အလှန်လေးစားမှုရှိသည့် ပွင့်လင်းသော ဆွေးနွေးဆက်ဆံမှုကို အလိုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယူကရိန်းက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေးအာမခံ စာချုပ်တစ်ရပ် ရေးဆွဲလျက်ရှိကြောင်း ဇယ်လန်စကီးက မီဒီယာများနှင့်‌ တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ကြောင်းUkrinformသတင်းဌာနက ဖော်ပြထားသည်။စာချုပ်မူကြမ်းတွင် အသေးစိတ်အချက်များညှိနှိုင်းရန် ကျန်ရှိနေဆဲဖြစ်ပြီး ယင်းစာတမ်းကိုအာမခံနိုင်ငံအားလုံး၏ လွတ်တော်မှ အတည်ပြုရန်လိုအပ်ကြောင်း သိရသည်။


ကနေဒါအပေါ်တန်ပြန်ပိတ်ဆို့မှုအဖြစ် ရုရှားက ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒို၏ ဇနီးSophieအပါအဝင် ကနေဒါနိုင်ငံသား ၂၆ ဦးအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ကနေဒါမှ ရုရှားအပေါ်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုတွင် ရုရှားနိုင်ငံရေးသမား၊ စစ်ဘက်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ရုံသာမက ၎င်းတို့၏ ဆွေမျိုးသားချင်းပင်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ရုရှားက ပြည်ဝင်ခွင့် ပိတ်ပင်မှုအမည်စာရင်းတွင် ကနေဒါအဆင့်မြင့်အရာရှိနှင့် ၎င်း၏ဆွေမျိုးသားချင်း၊ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းစုကြီးနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှ အကြီးအကဲနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကိုထည့်တွင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားက မကြာသေးမီကာလအတွင်း တန်ပြန်ပိတ်ဆို့မှု အသစ်များ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇယ်လန်စကီးက ဘိုင်ဒန်မှ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရှိသည့် ယူကရိန်းအကူအညီပေးရေးဥပဒေအား လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း မေ ၂၁ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။ ယူကရိန်းအတွက် အမေရိကန်၏ ထောက်ခံမှုက အလွန်အရေးကြီးကြောင်းနှင့် ယူကရိန်းက ပိုမိုအားကောင်းသော စစ်ရေးအကူအညီသစ်များ ရရှိရန် မျှော်လင့်‌ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


ရုရှားစစ်တပ်သည်တိကျမှုမြင့်မားသည့် ရေပြင်ပစ်ဒုံးကျည် “Kalibr” ဖြင့်ယူကရိန်းနိုင်ငံ ZhytomyrရှိMalin ရထားဘူတာဒေသမှ စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာအများအပြား ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူIgorKonashenkovက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ယင်းဖျက်ဆီးခဲ့ရသောလက်နက်များက အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ထောက်ပံ့ထားခြင်းဖြစ်ပြီး ဒွန်းဘန်စ်ဒေသရှိ ယူကရိန်းစစ်တပ်တွင် အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။


ရုရှားအထူးစစ်ရေးလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ယူကရိန်းတိုက်လေယာဉ်၁၇၄စင်း၊ရဟတ်ယာဉ် ၁၂၅ စင်း၊ မောင်းသူမဲ့လေယာဉ် ၉၆၆ စင်း၊လေကြောင်းကာကွယ်ရေးစနစ်၃၁၅စုံ၊ တင့်ကားနှင့် အခြားသံချပ်ကာကား၃,၁၈၂စီး၊ ဘဇူကာ ဒုံးလောင်ချာ၄၀၂လက်၊ အမြောက်နှင့် စိန်ပြောင်း၁,၆၁၄ခု၊ အထူးစစ်ယာဉ်၂၀၅၄စီး တို့ကို ဖျက်ဆီးခဲ့ကြောင်းKonashenkovက မေ ၂၁ ရက်တွင်ပြောကြားခဲ့သည်။


လက်ရှိတွင် ရုရှားက ယူကရိန်းဆိပ်ကမ်းအားလုံးနီးပါး ပိတ်ဆို့ထားရာ ယူကရိန်း၏ စားသောက်ကုန် တန်ချိန် သန်း ၂၀ ခန့်သည် ပြည်ပသို့ တင်ပို့ရန် ခက်ခဲနေကြောင်း ဇယ်လန်စကီး၏ ပြောကြားချက်ကို ကိုးကား၍Ukrinformသတင်းဌာနက ဖော်ပြထားသည်။


ရုရှားစစ်တပ်က မာရီယူပိုးလ်မြို့ရှိAzovstalသံမဏိစက်ရုံ၏ မြေအောက်အဆောက်အဦများအား အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းKonashenkov က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ စစ်သွေးကြွ ၅၃၁ ဦးပါဝင်သည့်နောက်ဆုံးအုပ်စုသည် ထိုနေ့တွင်လက်နက်ချခဲ့ကြောင်း၊ Azov Nazisနှင့်ယူကရိန်း စစ်သားစုစုပေါင်း ၂,၄၃၉ ဦးသည်မေ ၁၆ ရက်ကတည်းက လက်နက်ချခဲ့ကြောင်းKonashenkov ၏ မေ ၂၀ ရက်ပြောကြားချက်ကို ကိုးကား၍ ရုရှားTASSသတင်းဌာနက ဖော်ပြထားသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)