ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

 




MNP - မေ   ၂၃


ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်  မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်က  ယနေ့ နံနက် ၉ နာရီအချိန်  ရွှေဗဟိုလ်ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းရှေ့ မောင်တော-အငူမော် ကားလမ်းမအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။


အခမ်းအနားတွင် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ  ပျိုးပင်များအား တာဝန်ရှိသူများထံပေးအပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ  ဦးကံထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ်၊ ဦးဦးခင်မောင်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးကျော်ရှိန် ၊မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  ကရုဏာကွန်ရက်လူမှုကူညီရေးအသင်း၊ လူမှုရေးအဖွဲ့အစည်းများ၊  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား ၁၂၀ ဦးခန့်က   ကျွန်း ၁၀၀ ပင်၊ ပျဉ်းကတိုး ၁၀၀ ပင်၊ မန်ဂျန်ရှား ၂၅၀ ပင်၊ ယူကလစ် ၇၅ ပင်၊ မဟော်ဂနီ ၇၅ ပင်၊ စုစုပေါင်း ၆၀၀ ပင်အား သတ်မှတ်နေရာ အသီးသီးတွင် စနစ်တကျ တပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်စေစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဿဒ အကျိုးများရရှိစေရေး၊ သစ်တောသစ်ပင် တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)