စလင်းမြိုနယ်တွင် ၂၀၂၂ ခုနှစ်မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြိုနယ်တွင် ၂၀၂၂ ခုနှစ်မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ




MNP - မေ  ၂၉


မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က စလင်းမြို့နယ် တည်ဘိုကန်ကျေးရွာ ကြိုးပြင်ကာကွယ်တော၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်တက်ရောက်၍ သစ်ပင်စိုက်ပွဲတော်ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါမိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံကျေးရွာပြည်သူလူထုနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ကြပြီး အပင်အမြင့်၂ ပေအထက်ရှိ သစ်ပင်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စိုက်ပျိုးသည့် တစ်အုပ်တစ်မစိုက်ခင်းတွင် (ဝ.၅၀) ဧကတွင် ယူကလစ် (၁၀၀)ပင်၊ ယင်းမာ(၅၀)ပင်၊ ပိန်နဲ(၅၀)ပင်၊ တမာ(၄၀)ပင်၊ ကျွန်း (၃၀)ပင်၊ စုစုပေါင်း (၂၇၀) ပင်တို့ကို စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။


ထို့နောက် မိုးကြိုစိုက်ပျိုးပွဲတော်တစ်အုပ်တစ်မသစ်တောစိုက်ခင်း ကြိုးပြင် ကာကွယ်တော တွင် ယူကလစ် (၂၀၀) ပင်၊ တမာ (၁၀၀) ပင်၊ ယင်းမာ (၁၀၀)ပင်၊ ရေတမာ (၅၀) ပင်၊ ကျွန်း (၅၀) ပင်၊ မယ်ဇလီပင် (၄၀) ပင်တို့ကို သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးရွှေမင်းမောင်မှ တာဝန်ယူ၍ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများဖြင့် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရှိရသည်။ စလင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်လာနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရရှိစေရန်၊ သဘာဝအပူဒဏ်ကာကွယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဌာနဆိုင်ရာများနှင့်စုပေါင်းပြီး သစ်ပင်စိုက်ပွဲတော်များကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် လျက်ရှိကြောင်းသိရှိရကာ ယနေ့ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများက စုပေါင်း၍စိုက်ပျိုးထားသော သစ်ပင်ဆိုင်းဘုတ်များရှေ့တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)