ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ









MNP ၊ မေ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း  ရွှေဘန်း ခန်းမတွင် ယနေ့ နံနက် (၉:၀၀)နာရီက ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသူ/ကျောင်းသားများက "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ဖျော်‌ဖြေကြပြီး၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်မှ ကျောင်းအပ်နှံရေးအခမ်းအနားနှင့်ပတ်သက်သည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားပြီးနောက်၊အခမ်းအနားသို့တက်ရောက်လာကြသည့် အ.ထ.က-ပေါက်တောမှ ကျောင်းသူ/ကျောင်းသာများနှင့် မြို့ပေါ် ထက်၊လယ်၊ မူကျောင်း(၁၄)ကျောင်းမှ ကျောင်းသူကျောင်းသားများအား ကျောင်းတက် ကျောပိုးအိပ်နှင့်ထီး၊ ဗလာစာအုပ်၊ ခဲတံများကို ထောက်ပံပေးကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ် ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊မြို့နယ်မိခင်နှင့်ကလေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများတက်ရောက်လာကြပြီး အခမ်းအနားကို  ငခူရှည်အထက်တန်းကျောင်း(ခွဲ) အထက်တန်းဆင့်ကျောင်းသူ/ကျောင်းသားများက "မြတ်ဆရာ" သီချင်းဖြင့် သီဆိုကြလျက် အခမ်းအနားပြီးဆုံးကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)