လယ်ဝေးမြို့နယ်အတွင်း မိုးစပါးတွင်အထွက်နှုန်းနည်းသော တောင်သူများအားစပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်း မိုးစပါးတွင်အထွက်နှုန်းနည်းသော တောင်သူများအားစပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ခြင်းအခမ်းအနားကျင်းပ





MNP - မေ  ၃၁


ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် အတွင်းရှိ မိုးစပါးအထွက်နှုန်းနည်းသော တောင်သူများအား စပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက လယ်ဝေးမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် တောင်သူများ အနေဖြင့် စပါးအထွက်နှုန်းများပိုမိုတိုးတက်ရရှိပြီး ကုန်ကျစရိတ်များ သက်သာစေရန်အတွက် ဓာတ်မြေဩဇာ အစား သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်စေရေး ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်ထိန်က မိုးစပါး တစ်ဧကအထွက်နှုန်းမြင့်မားရန် မျိုးကောင်းမျိုးသန့် သုံးစွဲစိုက် ပျိုးခြင်းနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားသည်။


ဆက်လက်၍ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းဖြင့် တောင်သူများက မိမိတို့သီးနှံအထွက်နှုန်းများ ပိုမိုရရှိစေရေး ဂရုတစိုက်ဆောင်ရွက်သွားကြ ရန် ပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ်အတွင်း မိုးစပါးတွင် အထွက်နှုန်းနည်းသော တောင်သူ (၁၇၃) ဦးအား စိုက်ပျိုးမည့်ဧက(၃၀၆) ဧကအတွက် ဆင်းသုခမျိုးစပါး(၃၀၆)တင်းကို နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)