သာယာဝတီမြို့တွင် အသက်(၁၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် အသက်(၁၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

 


MNP - မေ  ၂၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးအဖွဲ့(၂၁)ဖွဲ့ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ် (၂၁)ရပ်ကွက်သို့ ကွင်းဆင်း၍ အသက်(၁၅)နှစ်အထက်ပြည်သူ(၁၉၆၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရာနှုန်းပြည့် ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့်ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရှိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)