MNP - မေ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် စေချင်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို ရာနှုန်းပြည့်ထိုးနှံပြီးစီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့်အတူ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းထားကြောင်း၊ မိမိရုံးဌာန၏ လုံခြုံရေးဂရုပြု ဆောင်ရွက်သွားစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသော ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်ငြိမ်းချမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment