Pages

Pages

မာန်အောင်မြို့အထက(ခွဲ)ဈေးတန်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများဆောင်ရွက်




MNP ၊ မေ ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၇နာရီက အထက(ခွဲ)ဈေးတန်း၌ ကျောင်းဝင်း၊ကျောင်းပြင်ရှိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန်ရှင်းရေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊စုစုပေါင်း၁၅၀ဦးခန့်ပါဝင် ဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကိုဇွန်လ၂ရက်နေ့တွင်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းသာယာလှပပြီး ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ စိတ်ချမ်းမြေ့ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment