မရမ်းကုန်းမြို့နယ် အဖြူရောင်ပရဟိတအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ် အဖြူရောင်ပရဟိတအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်း



MNP - မေ   ၂၅


လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင်  ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက် အဖြူရောင် ပရဟိတအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အလှူငွေများလာရောက် လှူဒါန်းခဲ့သည်။  


အဆိုပါ အလှူရှင်များမှာ ပစ္ဆိမာရုံကျောင်းဆရာတော်မှ အသင်းတွင်အသုံးပြုနေသော လူနာတင်ယာဉ်များအတွက် စက်သုံးဆီဝယ်ယူရန် အလှူငွေကျပ် (၅၀၀၀၀ိ/) နှင့် ကွယ်လွန်သူ မိခင်ကြီး ဒေါ်သန်းလှအားရည်စူး၍ ဦးဇော်ဇော်လင်းနှင့် ဒေါ်ခင်မြင့်ဦး မိသားစုမှ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် ၁၀၀၀၀ဝိ/တို့ကို လာရောက်လှူဒါန်းခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)