စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 





MNP - မေ   ၂၀


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးစိုက်ပျိုးရေးကြီးကြပ်ညှိနှိုင်းရေးအဖွဲ့ဝင်များ တက်ရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာပိုမို တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက  တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် နေကြာသီးနှံ (၃၉၃၁၉၉) ဧကအား လျာထားမှုကို အပြည့်အဝစိုက်ပျိုးနိုင်ရေးအားလည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာ၊ ညွှန်ကြားရေးမှူး ဦးသန်းလွင်က မြေယာသယံဇာတ တည်ရှိမှုနှင့်နှစ်အလိုက် နေကြာစိုက်ပျိုးမှု မိုးနှင့်ဆောင်း စိုက်ပျိုးခဲ့မှုများကို လည်းကောင်း၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဆီထွက်သီးနှံများ စိုက်ဧကလျာထားချက် ပြည့်မီရေးအတွက် ထွန်ယက်ရေးကိစ္စများနှင့်ပတ်သက်၍ ဌာနပိုင်စက်များဖြင့် ကူညီဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ညွှန်ကြားရေးမှူးဦးစောသက်ခိုင်ဝင်းက သဖန်းဆိပ်ဆည်အပြင် အခြားဆည် များမှ ဆည်ရေပေးမည့် အစီအစဉ်များနှင့် မြစ်ရေတင်များမှ ရေပေးမည့် အစီအစဉ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က နေကြာမျိုးစေ့ထုတ်များကို ထောက်ပံ့ပေးမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံစံလင်းက မျိုးစေ့ထုတ်အသင်းများမှ မျိုးစေ့ဝယ်ယူဖြန့်ဖြူးမည့် အစီအစဉ်များကိုလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့မှုများအား သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လိုအပ်ချက်အခက်အခဲများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေကြာစိုက်ဧက (၃၉၀၀၀၀) ကျော်အတွက် အကျိုးဆောင် တောင်သူများဖြင့် ဧက (၄၀၀၀) မျိုးစေ့ထုတ်စိုက်ပျိုး၍လည်းကောင်း၊  မျိုးစေ့ထုတ်အခင်းများမှ ဧက (၁၀၀၀၀) နှင့် မိမိတို့စိုက်ပျိုးရေးဌာနခြံများမှ ဧက (၁၃၀) တို့အား မျိုးစေ့ထုတ် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)