မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံပေးလျက်ရှိ








MNP ၊ မေ  ၂၆

ရခိုင်ပြည်နယ် ၊မြောက်ဦးခရိုင် ၊မြေပုံမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက် နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။

မြေပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ ဆရာမများမှ ကျောင်းသား /ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

မြေပုံမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၁၆) ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း (၂၀)ကျောင်း၊ အလယ်တန်းကျောင်း(၁၃)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၂၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၇)ကျောင်း၊ မူလတန်းကျောင်း(၆၃) ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၇)ကျောင်း စုစု ပေါင်း(၁၇၃)ကျောင်းတို့တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေး ရက် သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင် ရွက်ပေးလျက်ရှိကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင် ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း - ခိုင်မိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)