မြေပုံမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၊ အဆောက်အဦးနှင့် ငါးဖမ်းစက်လှေများပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၊ အဆောက်အဦးနှင့် ငါးဖမ်းစက်လှေများပျက်စီး








MNP ၊ မေလ ၂၂ 

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာအုပ်စုများတွင် မေလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ၊ အဆောက်အဦးများ နှင့် ငါးဖမ်းစက်လှေများပျက်စီဆုံးရှုံးခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု(၁၆)အုပ်စုမှ ကျေးရွာ(၂၀)ရွာမှ ဓနိမိုး ၊ ဝါးထရံကာ လူနေအိမ်(၄၀)အိမ် ပြိုလဲပျက်စီး ၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၃၄၉)အိမ် ၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအမိုး/အကာပျက်စီး ၊ အခြေခံပညာကျောင်း(၅)ကျောင်းအမိုး/အကာ ပျက်စီး ၊ လွန်းလုံးပိုက်တိုက်နယ်ဆေးရုံ(၁)ရုံခေါင်မိုးပျက်စီး ၊ ပြင်င/ခူချောင်းကျေးရွာအနီး 10M လျှပ်စစ်မီး တိုင် (၁)တိုင်ပြိုလဲပျက်စီးနှင့် ငါးဖမ်းစက်လှေ (၄၀)စီးနစ်မြုတ်ပျက်စီးပြီး လူနှင့်တိရိစ္ဆာန်သေဆုံးမှုမရှိ ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုကာလတန်းဖိုး စုစုပေါင်းမှာ(၂၅၇.၆၉၉)ကျပ်သန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရ သည်။

ထို့နောက် မိုးသက်လေပြင်းတိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ရပ်ကွက်/ကျေးရွာအုပ်စုများနေ ပြည်သူများသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအားကြီးကြပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။


သတင်း - တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)