Pages

Pages

စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်





MNP ၊ မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၆ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့ အထိ သတ်မှတ်ထားရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်မှစ၍ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။


ထိုသို့ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ရာသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ယူနိုင်စေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းလုံခြုံရေး စသည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၅)ကျောင်း၊ မူလတန်းလွန် ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း (၇၀)ကျောင်း၊ မူလတန်းကျောင်း-ခွဲ (၁)ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း (၉)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၄၀)ကျောင်းရှိပြီး KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမ များမှ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ် များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment