သိန္နီမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးက လိုက်လံကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးက လိုက်လံကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

 




MNP - မေ   ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး သိန္နီမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက လိုက်လံစစ်ဆေးခဲ့သည်။


ထိုသို့ သိန္နီမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)၊ အမက(တောင်မြို့)၊ အမက(ဟိုနောင်)၊ အလက(ခွဲ)-၁၊ အမက(၂)၊ အလက(ခွဲ)ပန်လော့၊ အမက(ဟိုမိန်း)၊ အထက(ခွဲ)စယ်အူ၊ အမက(ပန်နား)၊ အမက(ကုန်းညောင်)၊ အလက(ကွန်ကောက်)၊ အမက(ဖိုင်ခမ်း)နှင့် အမက (နားကုန်း)ကျောင်းများသို့ လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။


သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မေလ (၂၆)ရက်နေ့မှစတင်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းများကို လက်ခံဆောင်ရွက်လျက်ရှိသည်။ ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူ ပြည်သူများသို့ လိုက်နာရမည့် မေတ္တာရပ်ခံချက်များ၊ ကျောင်းအုပ်၊ ဆရာ/ဆရာမများအားလုံးနှင့် အရာထမ်း/အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာအချက်များကို မိဘအုပ်ထိန်းသူများသိရှိနိုင်ရေးအတွက် ပိုစတာများချိတ်ဆွဲ၍ ကျောင်းအပ်ခြင်းများကို လက်ခံဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်သည့်နေ့မှပင် ကျောင်းသုံးစာအုပ်များကိုလည်း  တစ်ပါတည်း ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။


သတင်း - စောဥမ္မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)