သံဖြူဇရပ်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်

 


MNP - မေ  ၂၁


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက်မြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ ညနေပိုင်းတွင် ရေးမြို့နယ်ရှိလေဖိအားနည်းရပ်ဝန်းသည် သံဖြူဇရပ်ဖက်သို့ ဦးတည်‌ ရွေ့ရှားလာနိုင်၍ ကော်မတီဝင်အားလုံးမှ မိမိဌာနအလိုက်စုဖွဲ့ ပြင်ဆင်ထားကြရန် ပြောကြားသည်။


ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ထွန်းက လုံခြုံရေးဆိုင်ရာ လုပ်ငန်းများဆွေးနွေးသည်။ ထို့နောက်လုပ်ငန်ကော်မတီအတွင်းရေးမှူး မီးသတ်ဦးစီအရာရှိ ဦးအောင်ကျော်ထွေးက မိမိတို့ဌာနအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်အောင်မိုးက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးအောင်သန်းက ပြန်လည်ဖြည့်စွပ် ဆွေးနွေးခဲ့ကြောင်းသိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)