Pages

Pages

မောင်တောမြို့၌ မူခင်းကျဆင်းရေး အသိပညာပေးဟောပြော









MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့်လေ့ကျင့် ရေး ဦးစီးဌာန ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း ကျောင်းတွင်  မူခင်းကျဆင်းရေး အသိပညာ ပေးဟောပြောခြင်း ကို  ယနေ့  နံနက် ၉ နာရီအချိန်  အဆိုပါ သင်တန်းကျောင်း ခန်းမ တွင် ပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းက  လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ ၊ အမျိုးသမီးများအပေါ် လူကုန်ကုန်မှု အခြေအနေများ ၊ တရုတ် နိုင်ငံသို့ ရောင်းစားပြီး တရားမဝင်ပေါင်းသင်းနေထိုင်မှုများ ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံး ပြုနေမှုများ ၊ မည်သူမဆို အမျိုးသမီးများ ၊ ကလေးသူငယ် နှင့် လူငယ်များအား လူ ကုန်ကူးမှု ကျူးလွန် ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများ ဆုံး  ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှှု ၊ ပြစ်ဒဏ် များ  ဆောင်ရန် ၊ရှောင်ရန်များ ပြောကြားခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းက  အမျိုး သမီးရေးရာအဖွဲ့အနေဖြင့် အမျိုး သမီး များအား ကာကွယ်စောင့်ရှောက်နေမှုများ ၊ အသင်းအဖွဲ့၏ လုပ်ငန်း တာဝန်များ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် အ မှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ကြပ်ကြီး တင်ထွန်းက  လူမှောင်ခိုကူးမှု နှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ် တဝင့် ရှင်းလင်းပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာ ကြည်မှ ကျေးဇူတင်စကားပြောကြားခဲ့သည်။  

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်း နှင့် တပ်ဖွဲ့ဝင်များ ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ ၊ အမျိုးသမီး အိမ်တွင်း မှု သက်မွေးပညာ သင် တန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာ ကြည် နှင့်ဝန်ထမ်းများ ၊ အဆင့်မြင့်စက်ချုပ် သင် တန်း အမှတ် စဉ် (၃/၂၀၂၂) မှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးအသုံး အဆောင် ပစ္စည်း များ ပေးအပ်ကာ လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ အသိ ပညာပေး လက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment