ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ တောင်ကျရေးစီးဆင်းမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးကာ၊နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ တောင်ကျရေးစီးဆင်းမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးကာ၊နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ်




MNP - မေ  ၂၃


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ‌ထောင်စုံမဟက်‌ကျေးရွာအုပ်စု ဝါးချောင်းကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်တစ်လုံးပျက်စီးကာ နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါရေကြီးနစ်မြုပ်မှုတင် အိမ်ထောင်စု (၄၀) မှ ကျား(၉၄) ဦး မ(၈၁)ဦး စုစုပေါင်း(၁၇၅)ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာဖြစ်သည့် ကျေးရွာစာသင်ကျောင်းတွင် ယာယီနေရာချထားဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)