Pages

Pages

ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ တောင်ကျရေးစီးဆင်းမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးကာ၊နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ်




MNP - မေ  ၂၃


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ‌ထောင်စုံမဟက်‌ကျေးရွာအုပ်စု ဝါးချောင်းကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်တစ်လုံးပျက်စီးကာ နေအိမ်(၄၀)ခန့် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါရေကြီးနစ်မြုပ်မှုတင် အိမ်ထောင်စု (၄၀) မှ ကျား(၉၄) ဦး မ(၈၁)ဦး စုစုပေါင်း(၁၇၅)ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာဖြစ်သည့် ကျေးရွာစာသင်ကျောင်းတွင် ယာယီနေရာချထားဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment