နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ မန္တလေးမြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ မန္တလေးမြို့တွင် ကျင်းပ







နေပြည်တော်၊ မေ - ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက် မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်း၌ ပြုလုပ်သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ အမျိုးသားရေးဆရာတော်များ၊ ငြိမ်းချမ်းရေးကို လိုလားသူ ပြည်သူများ စုစုပေါင်းအင်အား ၃၀၀၀ ဦးခန့် တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ငြိမ်းချမ်းရေးကိုလိုလားသူ အမျိုးသားရေးဦးဆောင် ဆရာတော်များနှင့် စာရေး ဆရာ၊ ဆရာမများက ငြိမ်းချမ်းရေး ကြိုးပမ်းမှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်ရသည့်အကြောင်းနှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီ တို့သွား မည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာတော်များဦးဆောင်၍ ငြိမ်းချမ်းရေး ချိုးဖြူငှက်များကို အထိမ်းအမှတ်အဖြစ် လွှတ်ပေးကြပြီး ငြိမ်းချမ်းရေး လိုလားသူ ရဟန်းရှင်လူပြည်သူများက “ပြည်ထောင်စုမပြိုကွဲရေး-ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး- ဒို့အရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး- ဒို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး- ဒို့အရေး၊ ငြိမ်ချမ်းရေး ပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး- ဒို့အရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့က တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး မွန်ပြည်သစ်ပါတီ (MMSP) ဒုဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)