Pages

Pages

ပေါင်မြို့နယ်တွင်မိုးစပါး တစ်ဧက အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်

 



MNP ၊  မေ   ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်မိုးစပါး တစ်ဧက အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်း  ကို ယနေ့ နေ့လယ်က အဟောက်ကျေးရွာမြရတနာခန်းမ ၌ဖွင့်လှစ်ပို့ချခဲ့ကြောင်းသတင်းရရှိသည်။


အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်းက မိုးစပါးကိုလည်းအထွက်နှုန်းတိုးတက်အောင်စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း ၊  ပေါင်မြို့နယ်၏ရာသီဥထုသည် စပါးအပြင် အခြားသီးနှံများလည်းစိုက်ပျိုးဖြစ်ထွန်း   အောင်မြင်ပါကြောင်း   ရေမြေကောင်းသောဒေသဖြစ်၍   စိုက်ပျိုးသီးနှံများ အပြင် မွေးမြူးရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြပါရန်လိုအပ်ပါကြောင်း    အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှုး ဦးကျော်စွာလှိုင် နှင့် စိုက်ပျိုးရေးဝန်ထမ်း (၇)ဦး  တို့မှစိုက်ပျိုးရေးဆိုင်ရာ   မြေဆီလွှာပြဿနာများကို    အသေးစိတ်သင်ကြားပြသပေးခြင်း၊  သီးနှံများမျိုးကောင်းမျိုးသန့်   သုံးစွဲရေးနှင့် သီးနှံပိုးမွှား    ရောဂါကာကွယ်ခြင်း ၊နှိမ်နှင်းခြင်းဆိုင်ရာများအားလမ်းညွှန်ပြသပေးခဲ့ပြီး  တောင်သူ စုစုပေါင်း (၁ဝဝ) ဦးခန့်တက်ရောက်ခဲ့ပြီးသင်တန်းကာလ(၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment