Pages

Pages

ပိုင်ကျုံမြို့၊ ပရဟိတ-မြို့မသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသိရီအား ဂုဏ်ပြုပူဇော်ပွဲအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 




MNP - မေ  ၂၅


ကရင်ပြည်နည်၊  ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်၊  ပိုင်ကျုံမြို့၊  အမှတ်(၂)ကွက်တွင် တည် ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူအနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ပရဝုဒ်အတွင်း၌ သဒ္ဓမ္မ‌ဇောတိကဓဇ ဘွဲ့‌တံဆိပ်တော်ရ ပိုင်ကျုံမြို၊ ပရဟိတ-မြို့မသာသနာ ပြုကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသိရီအား ထပ်ဆင့်ဂုဏ်ပြုပွဲ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆု‌ ပေးပွဲအခမ်းအနားကို ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  


အဆိုပါဗိုလ်လုပွဲတွင် နောင်ဘိုကြီးဘောလုံးအသင်းနှင့် ရွာကိုင်းကောင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ရာတွင် နောင်ဘိုကြီးအသင်းက ၂ ဂိုးနှင့်ရွာကိုင်းကောင်းအသင်းက ၁ဂိုးရရှိကာ နောင်ဘိုကြီးအသင်းက ပထမဆု၊ ရွာကိုင်းကောင်းအသင်းက ဒုတိယဆု၊ ဒေါနမြေအသင်းက တတိယဆုနှင့် မိုးနိုင်းအသင်းက နှစ်သိမ့်ရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍  ဆုပေးပွဲ အခမ်းအနားကျင်းပရာ   ပိုင်ကျုံမြို့၊ ပရဟိတ- မြို့မသာသနာပြုကျောင်းဆရာတော်၊  မြို့အုပ်ချုပ်ရေးမှူးတို့မှာ အမှာစကား‌ပြောကြားရာတွင် လူမျိုးဘာ သာမ‌ရွေး ခိုက်ရန်ဖြစ်ပွားမှု မရှိဘဲ အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ကစားပြီး အနိုင်အရှုံးကိုအဓိကမထားဘဲ သန့်ရှင်းစွာပါဝင်ယှဉ်ပြိုင်ခြင်းနှင့်  စည်းလုံးညီညွတ်စွာယှဉ်ပြိုင်ကစားခြင်းတို့ကြောင့် အားကစားသမား များအားလုံး အထူးကျေးဇူးတင်ကြောင်း၊ နောင်နှစ်များတွင်လည်း ဘောလုံးပြိုင်ပွဲများ ဆောင်ရွက်ပါက လာရောက်ကစားကြရန် ဖိတ်ခေါ်ပါကြောင်း စသည့်အချက်များ အသီးသီးအမှာစကား‌ပြောကြားပြီး ဆုရအားကစားသမားများ ၊ ပထမ၊ဒုတိယ၊တတိယနှင့်နှစ်သိမ့်ဆုရ‌ ဘောလုံးအသင်းများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲအခမ်းအနားတွင်ပိုင်ကျုံမြို့၊ ပရဟိတ-မြို့မ သာသနာပြုကျောင်းဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ဘောလုံးအားကစားဝါတနာရှင်များ တက်ရောက်အား‌ပေးခဲ့ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment