ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ကော့သောင်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြန်/ဆက်ဝန်ထမ်းများအား တွေ့ဆုံမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ကော့သောင်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြန်/ဆက်ဝန်ထမ်းများအား တွေ့ဆုံမှာကြား

 





MNP - မေ   ၁၉


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည့် မေလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုံခြုံရေးဂရုစိုက်ရန်၊ ထုတ်လွှင့်မှုမပြတ်တောက်ရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။


ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာဖတ်သူ၊ စာငှားသူ တိုးတက်လာစေရေးနှင့် ပြည်သူ့ဆက်ဆံရေးအသိပညာပေးလုပ်ငန်းများ တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက်ခရိုင်ရုံးတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဘုတ်ပြင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ကရသူရိမြို့တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံစက်ရုံမှူးတို့အား တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ဆောင်ရွက်နေမှုများနှင့် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရန်လုပ်ငန်းတာဝန်များ၊ လူငယ်လူရွယ်များ အသိပညာပေးရေးနှင့် ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေး ကျောင်းတက်ပညာသင်ကြားကြရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကိုယ်တိုင်အသိပညာဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီးပြည်သူများအကျိုးရှိ၍ သိသင့်သည့်သတင်း အချက်အလက်များကို ဖြန့်ဝေပေးရန်နှင့် ဝန်ထမ်းရေးရာကိစ္စများအား မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)