အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ပြည်သူ (၈၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ပြည်သူ (၁၂၁)ဦးအား ဒုတိယအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ပြည်သူ (၈၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ပြည်သူ (၁၂၁)ဦးအား ဒုတိယအကြိမ် ထိုးနှံပေး



MNP - မေ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက် / ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ကြူဝတ်ကျေးရွာမှ အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ပြည်သူ (၈၀) ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase  10, first  dose နှင့်‌ ထန်းတပင်ကျေးရွာမှ ပြည်သူ (၇၇) ဦးနှင့် စမ်းမြိုင်‌အေး‌ကျေးရွာမှ ပြည်သူ (၄၄) ဦး၊ စုစုပေါင်း (၁၂၁) ဦးတို့အား Phase-9 second dose ကို‌ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)