မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ






MNP - မေ   ၂၆


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းနေအရွဘ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၆ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ သတ်မှတ်ထားရှိသဖြင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေး အတွက်  ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကျောင်းအပ်ခံနေကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အေးလှိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာပညာသင်ယူနိုင်စေရေးနှင့် ကျောင်းပတ်ဝန်ကျင်းသာယာ လှပရေးတို့နှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်၊ စာသင်ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက်ပြင်ဆင် ထားရှိမှုများ၊ ကျောင်းလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆရာ၊ ဆရာမ လိုအပ်ချက်များရှိပါက မြို့နယ်ပညာရေးမှူးနှင့် တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၅) ကျောင်းရှိပြီး ယခုနှစ်တွင် လျာထားဖွင့်လှစ်နိုင်သောကျောင်းမှာ (၆၈) ကျောင်းရှိကာ (၂၇) ကျောင်းမှာ ယနေ့အထိဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းနှင့် ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - စည်သူဌေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)