နတ်တလင်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နတ်တလင်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

7


MNP - မေ   ၄

မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မီးသတ်ဦးစီးဌာနက  ယမန်နေ့နံနက် ၉ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌စိုးမိုး‌အောင်နှင့် တပ်ဖွဲ့ဝင်များက (၇၆)နှစ်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်အား ဂုဏ်ပြုစိုက်ထူပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရွှေလင်းဘိုးဘွားရိပ်သာ၌ အမှိုက် သရိုက်များ လှည်းခြင်း၊ မြက်ပင်ခြုံနွယ်များ ခုတ် ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဇီးကုန်း‌လေးရပ်ကွက်ရှိ သကျမဟာမြတ်မုနိ ဘုရားကြီး၌ ဘုရား၊ စေတီ၊ ပုထိုးများအား ရေသပ္ပါယ်ခြင်း၊ ဘုရားပန်းအိုးများ လှဲလှယ်ခြင်းနှင့် သန့်ရှင်းရေးများကို စု‌ပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဝေယံဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages