ရွှေဘိုတက္ကသိုလ် စိမ်းလန်းစိုပြေလှပရေး အရိပ်ရပင်များ စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ် စိမ်းလန်းစိုပြေလှပရေး အရိပ်ရပင်များ စိုက်ပျိုးပွဲကျင်းပ



MNP - မေ   ၂၁


ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခွဲကရွှေဘို တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ မျိုးမျိုး၊ ဒုပါမောက္ခချုပ်ဒေါက် တာတင်တင်ရီ၊ ပါမောက္ခများ၊ ကထိကများ၊ သင်တန်းရေးရာဌာနမှူးများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်မြို့နယ် သစ်တောဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးမှူးက တက်ရောက်လာသော ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်တို့ထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့သည်။


ထို့နောက် တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အဆိုပါ မိုးရာသီအကြိုလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ပေအမြင့်ထက် သစ်ပျိုးပင်များဖြစ်သည့် ကျွန်း၊ တရုတ်မယ်ဇလီ၊ တမာ၊ စိန်ပန်း၊ ကံ့ကော်၊ တပေဘူတ၊ မယ်ဇလီ၊ ခရေ၊ မန်ဂန်ရှား စုစုပေါင်းသစ်မျိုး (၉) မျိုး (၅၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)