ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒဿမအသုတ် (ပထမ)အကြိမ်နှင့် အဋ္ဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒဿမအသုတ် (ပထမ)အကြိမ်နှင့် အဋ္ဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

005

006

007

008

MNP ၊  မေ ၁

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဒဿမအသုတ်(ပထမ)အကြိမ်နှင့် အဋ္ဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသောဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိ​သည်။ ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒဿမအသုတ်(ပထမ)အကြိမ်အဖြစ် (Covidshield)ကို ယမန်နေ့က အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူ(၃၀)ဦးနှင့် အဋ္ဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ်(Covaxin)ကို အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူ (၄၅၀)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages