ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်

 



MNP - မေ   ၂၁


၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် သံတောင်ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘားအံမြို့နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသား ဗိုလ်လုပွဲစဉ်အနေဖြင့် ဘားအံမြို့နယ်အသင်းနှင့် သံတောင်ကြီးမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘားအံမြို့နယ်အသင်းက သုံးပွဲ၊ နှစ်ပွဲဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရာလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဝါသနာရှင်များက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြသည်။


ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ဇော်ကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ တတိယဆုရ ဖာပွန်မြို့နယ်အသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က တစ်ဦချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲဒုတိယဆုရ သံတောင်ကြီး မြို့နယ်အသင်းအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကို လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ငွေသားဆု(၅)သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ တတိယဆုရရှိသော လှိုင်းဘွဲမြို့နယ် အသင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က လည်ဆွဲဆုနှင့် ငွေသားဆုများကို လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ ဒုတိယဆုရ သံတောင်ကြီးမြို့နယ်အသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၅)သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း- စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)