ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ ကားလမ်းဘေးတွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ ကားလမ်းဘေးတွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



MNP - မေ   ၂၉


သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတုဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး၊ သစ်တော၊ သစ်ပင်များအား ချစ်မြတ်နိုးတတ်စေရေးနှင့် ထိန်းသိမ်းကာကွယ်နိုင်စေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သစ်တောဦးစီးဌာနမှ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ ကားလမ်းမပေါ်ရှိ ကံ့ကော်တစ်ထောင်ဘုရားအနီးတွင် ယနေ့နံနက်(၈)နာရီ အချိန်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။


အဆိုပါ သစ်ပင်စိုက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့နှင့် ဒေသခံပြည်သူများတက်ရောက်၍ ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မာလာလူးကား အပင်စုစုပေါင်း(၁၂၀၀)အား စိုက်ပျိုးခဲ့ကြကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျက်စီးယိုယွင်းခဲ့သည့် ဒီရေတောများ ပြန်လည်ရှင်သန်စေရေးအတွက် မေလ(၂၅)ရက်တွင် ဒီရေတောဒေသ ကဒုံကနိကြိုးဝိုင်းတွင် ဒီရေတောပင်များဖြစ်သည့် သမဲ့၊ ကျန၊ ကနစို၊ ဗြူးရွှေဝါပင် (၁၂၀၀)ကျော်ကိုလည်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - မိုးစက် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)