သဲကုန်းမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှု စစ်ဆေး

 


MNP - မေ  ၂၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်သည် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့သည်  အင်းမမြို့ (အ.ထ.က တပ်နယ်) ကျောင်းတွင် (၉၀ပေ×၃၀ပေ) Steel Strycture (၁)ထပ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ကြံတိုင်းအောင် ကွင်းအမှတ်(၉၄၂ဘီ) တောင်သူ ဦးကျော်မင်းထိုက်၏ မိုးနေကြာ (၅) ဧက စိုက်ခင်းနှင့် ချားလျားကုန်းကျေးရွာ ကွင်းအမှတ် (၉၇၄) တွင် တောင်သူ ဦးအောင်နိုင်ဦး၏ ပိုက်ဆံလျှော် (၁၀) ဧက စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းတွင် ဆောင်ရွက်သည့် ကျွဲခေါင်းကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုအား  ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို   လမ်းညွှန်မှာကြားခဲ့ကြသည်။ ထို့နောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများ နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)