Pages

Pages

ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 




MNP - မေ   ၂၁


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့ရပ်ကွက်(၁)ရှိအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ  ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များအား ပျိုးပင်များပေးအပ်ကာ တက်ရောက်လာသူများမှ သတ်မှတ်နေရာ အသီးသီးတွင် ရတနာတန်းဝင်ကျွန်းပင် (၅၀) ပင်၊ ပျဉ်းကတိုးပင် (၃၀) ပင်၊ ချင်းဒညှင်းပင် (၃၀) ပင်၊ ကံ့ကော်ပင် (၃၀) ပင်၊ ခရေပင်(၃၀)ပင်၊ တမာပင်(၃၀)ပင်နှင့် မဲဇလီပင် (၅၀) ပင် စုစု‌ပေါင်းပျိုးပင် (၂၅၀) ပင်တို့အား စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝိုင်းမော်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment