Pages

Pages

၂၀၂၂ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 






MNP - မေ   ၂၅


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ လေ့ကျင့်ရေးအားကစားရုံ၌ မေလ(၂၅)ရက်နံနက် (၁၀)နာရီ အချိန်က ၂၀၂၂ခုနှစ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်မိန့်ခွန်း ပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်ကိုရွတ်ဆိုခဲ့ပြီးနောက် အ‌ရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲဝင် အသင်း(၅၆)သင်းတို့အတွက် ငွေကျပ်(၁၆၈၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများ၊ နည်းပြများ၊အသင်းအုပ်ချုပ်သူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။


၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၄၄)မြို့နယ်မှ ပြိုင်ပွဲဝင် အမျိုးသား(၄၃)သင်း၊ အမျိုးသမီး(၁၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား မေလ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ယနေ့ကျင်းပပြုလုပ်သော ၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ်အား/ကာမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်‌ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment