Pages

Pages

မုဒုံမြို့၌ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသူများအား အကျိုးခံစားခွင့်ထုတ်ပေး



MNP - မေ   ၂၅


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများမှ အာမခံအလုပ်သမားတို့၏ အလုပ်ခွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့က အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဖူးရှင်းဘရားသား(စ်) ရာဘာစက်ရုံတွင် ပြုလုပ်ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ် လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက  ၂၀၁၂  ခုနှစ်  လူမှုဖူလုံရေး ဥပဒေအကြောင်းကို ရှင်းလင်းပြောကြားပြီး ဖူးရှင်းဘရားသား(စ်) ရာဘာစက်ရုံမှ အလုပ်သမားတစ်ဦးအား အလုပ်ခွင်ထိခိုက်ဒဏ်ရာရရှိမှုအတွက် အမြဲတမ်းမသန်စွမ်းမှု နှင့်လုပ်အားဆုံးရှုံးမှု(၄၀)ရာခိုင်နှုန်း ငွေလုံးငွေရင်းခံစားခွင့် ငွေကျပ်(၃၃၈၆၈၈၀) ကိုလည်ကောင်း၊ ဟွန်ဒါမြန်မာသစ်အချောထည်စက်ရုံမှ အလုပ်သမားတစ်ဦးအား အမြဲတမ်းမသန်စွမ်းမှုနှင့် လုပ်အားဆုံးရှုံးမှု (၂၃)ရာခိုင်နှုန်းအတွက် ငွေလုံးငွေရင်းခံစားခွင့် ငွေကျပ်(၁၉၄၇၄၅၆)ကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အလုပ်ဌာနတာဝန်ခံများ၊ အလုပ်သမားကိုယ်စားလှယ်များ၊ မိတ်ဖက်ဌာနများနှင့် အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ (WCC)တို့၏ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်မျိုးသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment