ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးခရိုင် အသက်(၁၉)နှစ်အောက် ဘောလုံး အသင်းအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးခရိုင် အသက်(၁၉)နှစ်အောက် ဘောလုံး အသင်းအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားပြုလုပ်

 




MNP - မေ ၃၁


၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးခရိုင်ဘောလုံးအသင်း၏ အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲ  အချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်က အောင်နိုင်ရေးအလံကိုပေးအပ်ခဲ့ရာ လားရှိုးခရိုင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများက လက်ခံရယူခဲ့ကြပြီးနောက် ဖူလီလိုက်ကုမ္ပဏီဥက္ကဋ္ဌ ဦးစိန်မြင့်က ထောက်ပံ့ငွေကျပ် (၁၀) သိန်းကိုပေးအပ်ခဲ့သည်။ အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ဇွန်လ(၃)ရက်မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင် - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)