မြင်းမူမြို့တွင်၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့တွင်၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ





MNP - မေ  ၂၆


၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်းတွင် ယနေ့ မေလ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ မြို့နယ်သစ်တောဦးစီးဌာန သစ်တောအုပ် ဦးဇော်မင်းဆန်းက စိုက်ပျိုးမည့် ပျိုးပင်များအား ပေးအပ်ရာ လက်ခံရင်းမူယူပြီး    သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲတာဝန်ရှိသူများက  သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။


ယနေ့ကျင်းပသည့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၂၅၀)ပင်၊  မယ်ဇလီ(၂၅၀)ပင်နှင့် ခရေ(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။


သတင်း - အောင်စိုးဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)