Pages

Pages

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ် (၄) အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု များအား ကြည့်ရှုအားပေး


MNP ၊ မေ ၂၇

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း စတင်လက်ခံလျက်ရှိရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန် ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံပေးနေမှုအား ကြည့်ရှုအားပေးရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် အဆင်ပြေ ချောမွေ့စွာ အပ်နှံနိုင်ရေးအတွက် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ သင်ရိုးသစ်ဖြင့် ပညာသင်နှစ် အလိုက် ပြောင်းလဲသင်ယူရမည့် အတန်းများနှင့် သင်ရိုးဟောင်းအတန်းများအား ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ သိရှိနိုင်ရေးအတွက်  ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်နှစ်အလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) များ၊ Face Shield များ ထောက်ပံ့ပေးနေမှုအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ် နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘ အုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် ကျောင်းအပ်နှံရမည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ (၃)သိန်း(၅)သောင်းကျော်ရှိပြီး မေလ(၂၆)ရက်နေ့ ကျောင်းအပ်လက်ခံခြင်း စတင် ဆောင်ရွက်သည့်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ အလိုက် ကျောင်းအပ်နှံမှုအနေဖြင့် မူလတန်း (၈၇၇၇၈)ဦး၊ အလယ်တန်း(၂၉၁၅၃)ဦး၊ အထက်တန်း (၉၁၇၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၂၆၁၀၂) ဦး လာရောက်အပ်နှံကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ကိုစည်သူ(မကွေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment