Pages

Pages

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၁၆၄၁၂၆) ဦးထိုးနှံပြီးဖြစ်



MNP - မေ   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၁၅၂၆၉၁)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၁၄၃၅)ဦး စုစုပေါင်း(၁၆၄၁၂၆)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦး နှင့်အသက်(၁၅)နှစ်နှင့် အသက်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၃၃)ဦး အသက်(၁၈)နှစ်အထက်ပြည်သူ ပထမအသုတ်တွင်(၉၃၃၃)ဦး၊ ဒုတိယအသုတ်တွင် (၁၄၀၉၄)ဦး၊ တတိယအသုတ်တွင်(၂၅၂၄၄)ဦး၊ စတုတ္ထအသုတ် တွင်(၁၃၆၇၉)ဦး၊ ပဉ္စမအသုတ်တွင်(၁၇၁၀၈)ဦး၊ ဆဋ္ဌမအသုတ်တွင် (၅၇၃၀)ဦး၊ သတ္တမအသုတ်တွင် (၇၉၄၉)ဦး၊ အဌမအသုတ်တွင်(၃၀၄၈)ဦး၊ နဝမအသုတ်တွင် (၄၄၈၀၉)ဦး၊ ဒဿမ အသုတ်တွင်(၃၅၂၅) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ(၁၁၄၃၅)ဦး စုစုပေါင်း (၁၆၄၁၂၆)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင် ရွက်လျက်ရှိပြီး စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာစသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment