ကျောက်တော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ




MNP - မေ  ၂၉


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်(၁၀)နာရီအချိန် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းအပ်နှံရေးအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်က  ကျောင်းအပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကျောင်းသား/ကျောင်းသူများအား ထောက်ပံပစ္စည်းများပေးအပ်ရာ မူ(လွန်)ဥတ္တမကျောင်းမှ Grade-5 ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်းကောင်း၊ မူ(လွန်)ဥတ္တမကျောင်းမှ Grade-4 ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူးမှလည်းကောင်း၊ အမက(မြို့သစ်) တိုးချဲ့ကျောင်းမှ Grade-3 ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်မှလည်းကောင်း၊ အမက(မြို့သစ်)တိုးချဲ့ကျောင်းမှ Grade-2 ကျောင်းသား/ကျောင်းသူများအား စိုက်ပျိုးရေးသိပ္ပံကျောင်းမှ တာဝန်ရှိသူတစ်ဦးနှင့် အမက(မြို့သစ်) ပြင်ပိုင်းကျောင်းမှ Grade-1 ကျောင်းသား/ကျောင်းသူများအား အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့မှ ပညာသင်ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ လေးများက လက်ခံရယူခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


သတင်း - ခင်မောင်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)