မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင် သစ်တောပျိုးဥယျာဉ်နှင့် မြိုင်ရတနာ အဆင့်မြင့်ဈေး လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင် သစ်တောပျိုးဥယျာဉ်နှင့် မြိုင်ရတနာ အဆင့်မြင့်ဈေး လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး






MNP - မေ   ၃၁


မွန်ပြည်နယ် မော်လမြိုင်မြို့၌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မေလ ၃၀ ရက် နံနက်ပိုင်းက သစ်တောဦးစီးဌာန၊ မြိုင်သာယာ အမြဲတမ်း သစ်တောပျိုးဥယျာဉ်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည် ။


ပြည်နယ်သစ်တောပျိုးဥယျာဉ်ဌာန တာဝန်ခံက ပြည်နယ်အတွင်း ဒီရေတောစိုက်ခင်း တည်ထောင်ထားရှိမှု အခြေအနေ၊ ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေမှု အခြေအနေ၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ သတ်မှတ်ဆောင်ရွက်မှု အခြေအနေ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ထူထောင်မှု၊ ပြည်နယ်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးထားမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ၊ ပြည်နယ်ဝန်ကြီးချုပ်က ရေတိုက်စားခံရသည့် ဒေသများတွင် အုန်းပင်များ ပိုမိုစိုက်ပျိုးရန်၊ ဂေဟစနစ်ကို ထိန်းသိမ်းပြီး လေပြင်းတိုက်ခတ်မှု အန္တရာယ်မှကာကွယ်နိုင်မည့် လေကာပင်များ စိုက်ပျိုးရန်၊ သစ်တောဧရိယာများအတွင်း ကျူးကျော်နေထိုင်မှုကို ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ ပင်လယ်ကမ်းစပ်ဒေသများတွင် ဒီရေတောကာကွယ်သည့် အပင်များ စနစ်တကျ စိုက်ပျိုးရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်နိုင်‌ရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ခြေအဆင့်ထိ ကြည့်ရှု၍ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားပြီး၊ ပျိုးခင်းအတွင်း စိုက်ပျိုးထားသည့်ပျိုးပင်များ၏ အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ မြိုင်ရတနာ အဆင့်မြင့်ဈေး တည်ဆောက်မှုနှင့် ဈေးမြေညီထပ် ကုန်ဈေးတန်းအတွင်း ဈေးသူဈေးသားများ၏ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ၊ တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် လုံခြုံမှုရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရောင်းချရေး၊ ကျန်းမာရေးအသိ ကျန်းမာရေးသတိဖြင့် သွားလာနေထိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)