တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

 





MNP - မေ   ၁၉


ထားဝယ်တက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ရာ ရှေးဦးစွာ တက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား/ကျောင်းသူများက မြကျွန်းညိုညိုတက္ကသိုလ်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တက္ကသိုလ်ဆိုသည်မှာ ပညာရပ်များ သင်ကြားဆည်းပူးရာ နေရာဌာနကြီး ဖြစ်ရုံသာမက စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနှင့် လူမူရေး ဝါသနာပါသော ကျောင်းသား၊ ကျောင်းသူများအား မြေတောင် မြှောက်ပေးရာ နေရာဌာနကြီးဖြစ်ကြောင်း၊ တက်ကြွနိုးကြားသော လူငယ်ပညာရှင်များနှင့်ပညာရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရန် ဆရာ/မများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ စာပေကို ချစ်မြတ်နိုးစွာ လေ့လာဆည်းပူးခြင်းမှတစ်ဆင့်ကျယ်ဝန်းနက်ရှိုင်းသော ပညာရပ်များကို ခံစားသိမြင်လာနိုင်မှာ ဖြစ်ပါကြောင်း၊ မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းကောင်းသူ၊ ကြိုးစားသူ၊ ရိုးသားသူများ ဖြစ်ရန်လိုအပ်ကြောင်း၊  အရည်အသွေးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်  ဘွဲ့ရလူငယ် မောင်မယ်များဖြစ်ရန် လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်တက်ရောက်လာသော ဧည့်သည်တော်များအား ကျောင်းသား/သူများက ထားဝယ်ရိုးရာအကဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ထားဝယ်တက္ကသိုလ်၌ ခင်းကျင်းပြသထားသော ဘာသာရပ်အလိုက်ဆိုင်ရာ ပြခန်းများအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)