Pages

Pages

မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၇၈၉)ဦး လာရောက်ကျောင်းအပ်နှံ



MNP - မေ  ၂၇


မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဆိုသော ပညာရေးရည်မှန်းချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာ ကျောင်းအပ်နှံမှုကို လက်ခံပေးလျက်ရှိရာ ယမန်နေ့မေလ (၂၆)ရက်နေ့တွင် ကျောင်းလာရောက်အပ်နှံသူ (၂၇၈၉)ဦး ရှိကြောင်း သိရသည်။


မင်္ဂလာဒုံမြို့နယ်၏ အခြေခံပညာကျောင်း (၅၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၀)ကျောင်းတို့တွင် အခြေခံပညာမူလတန်း KG (၁၄၀)ဦး အပါအဝင် Grade-1 မှ Grade- 5 ထိ (၁၅၁၈)ဦး၊ အခြေခံပညာအလယ်တန်း Grade- 6 မှ Grade- 9 ထိ (၈၈၅)ဦး ၊ အခြေခံပညာအထက်တန်း Grade – 10 မှ Grade – 11 ထိ (၃၈၆)ဦး စုစုပေါင်း (၂၇၈၉)ဦးတို့ ကျောင်းလာရောက်အပ်နှံခဲ့ရာ ကျောင်းဆရာ၊ဆရာမများက လက်ခံဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဌာန်း စာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ဆုလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment