သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၇)လုံးအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၇)လုံးအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်












MNP ၊ မေ ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၇)လုံးအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ က လက်ပံကျွန်း‌ကျေးရွာ  ကုလားစုရွာ၌ နေအိမ် (၇)လုံးအားဘေးစီမံဦးစီးဌာန မှပေးအပ်သောထောက်ပံ့ငွေ (၇၅၂၅၀ဝိ/-)ကျပ် အား အိမ်တိုင် ရာရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြောင်းရွှေ့နေသည့်နေအိမ်များအားလည်းကူညီပြီး ပြောင်းရွှေ့‌  ပေးခဲ့ကြောင်း သိရသည်။ယနေ့နံနက်ပိုင်းတွင်လည်း သဲဖြူကုန်းကျေးရွာရှိ ရဲပြားကုန်းရွာ တွင် အမိုးလန်သွားသည့်နေအိမ်အား  ငွေကျပ် (၈၆၂၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

လက်ပံကျွန်းကျေးရွာသည်  မုတ္တမပင်လယ်ဂွေ့ အတွင်းကျွန်းတစ်ကျွန်းဖြစ်ပြီး ရာသီပေါ်သီးနှံများကို စိုက်ပျိုးသည်နှင့်အညီ  နှုန်းမြေများဖြင့်ဖွဲ့စည်းထားသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်နှင့်အညီ မြေပြိုကျမှုများလည်း ရံဖန်ရံခါ  ဖြစ်ပေါ်မှုများရှိနေခဲ့ကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)