မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီးကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနား တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီးကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနား တက်ရောက်အားပေး







MNP - မေ   ၂၃


၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနားကို ယမန်နေ့ ညနေ ၃ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးကာ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား အမျိုးသမီးကိုယ်ကာယ အလှမယ်ပြိုင်ပွဲကို ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများဖြစ်လာစေပြီး ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းများ လိုက်စားရာမှ အားကစားကို ချစ်မြတ်နိုးသောစိတ်များ ပေါ်ပေါက်လာကာ မိမိတို့၏ ရှိရင်းစွဲ ပင်ကိုအလှ ပို၍လှပလာစေရန်နှင့် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော မြန်မာနိုင်ငံ၏ သမီးကောင်း မိခင်များအဖြစ် ရောက်ရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ “ အမျိုးသမီးထု ကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီ တက်လှမ်းမည်”ဆိုသည့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် လူရည်ချွန် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးအတွက် အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမှတစ်ဆင့် အားကစားသမား အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိစေရေး၊ မတူညီသော အတွေ့အကြုံများ နည်းစနည်းများအား ဖလှယ်ကာ ကိုယ်လက်လှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများကို သိရှိမည်ဖြစ်ကြောင်း၊ မိမိတို့အမျိုးသမီးတိုင်း ကျန်းမာကြံ့ခိုင်မှ မိသားစုတာဝန်များ၊ လုပ်ငန်းတာဝန်များသာမက နိုင်ငံ့တာဝန်များကိုပါ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် ကိုယ်ကာယအလှမယ်များအနေဖြင့် မိမိတို့ခရိုင်၊ တက္ကသိုလ်/ကောလိပ်များ အောင်မြင်မှုရရှိစေရေးအတွက် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အစွမ်းကုန်အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ ကိုယ်ကာယအလှမယ်ပြိုင်ပွဲဝင်များအားလုံး စင်ပေါ်တွင် ပမာဏ ယှဉ်ပြိုင်ခြင်း၊ တစ်ဦးချင်း ကိုယ်ကာယအလှပြခြင်းများအား ယှဉ်ပြိုင်ခြင်းဆောင်ရွက်ခဲ့ပြီး ဝါသနာရှင် အဆိုရှင်များမှ တေးသီချင်းများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခဲ့ကြသည်။


ထို့နောက် ကိုယ်ကာယအလှမယ် ဇကာတင် ရွေးချယ်ခံရသည့် ကိုယ်ကာယအလှမယ် ပြိုင်ပွဲ ဝင်(၉)ဦးမှ စင်ပေါ်တွင် လမ်းလျှောက်ကိုယ်ကာယအလှပြသခြင်း၊ တစ်ဦးချင်း စိတ်ကြိုက် ကိုယ်ကာယ အလှပြခြင်းများ ယှဉ်ပြိုင်ခဲ့ကြသည်။


ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးခရိုင်ကိုယ်စားပြု အလှမယ်အား တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်မှ ဆုကလပ်သရဖူ၊ ကျိုင်း၊ စလွယ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော သရက်ခရိုင်ကိုယ်စားပြု အလှမယ်အား ဆုကလပ်နှင့်ငွေသားဆုများကို အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ် တပ်မမှူး၏ ဇနီးမှလည်းကောင်း၊ တတိယဆုရရှိသော မင်းဘူးခရိုင် ကိုယ်စားပြု အလှမယ်အား ဆုကလပ်နှင့် ငွေသားဆုမျာအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာချိုမှလည်းကောင်း၊ အထူးဆုရရှိသည့် အလှမယ်များအား ဆုကလပ်နှင့် ငွေသားဆုများအား တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်ညီညာ 


မြန်မာနေရှင်နယ်ပို့စ် 



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)