Pages

Pages

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ကျောင်းအပ် လက်ခံ








MNP ၊ မေ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာ‌ ရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ မေလ (၂၆)ရက်နေ့မှစတင်၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ရာ ကျိုက်ထို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး အနေဖြင့်လည်း ယနေ့နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိ  ကြောင်းသိရသည်။

ကျောင်းအပ်လက်ခံမှုလုပ်ငန်းများဆောင် ရွက်ရာတွင် ဆရာ/မများနှင့် ပညာ‌ရေးဝန်ထမ်းများအနေဖြင့် မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်း၊ ငွေကြေး၊ လက်ဆောင် ပစ္စည်း တစ်စုံ တစ်ရာ လက်မခံကြောင်းနှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြား မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုကြောင်း နှင့်ပညာရေးဝန်ကြီးဌာန မှ ဘာသာရပ်အလိုက်ထုတ်ဝေသည့်ပုံနှိပ်စာအုပ်များနှင့်အတူ ‌ဗလာစာအုပ်တစ်ဒါဇင်၊ခဲတံ (၂) ချောင်း၊ ဘောပင်(၂)ချောင်းအားအခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင် အ.ထ.က၊ အ.ထ.က (ခွဲ) ၊အ.လ.က ၊ အ.လ.က(ခွဲ) မူလွန်၊ အ.မ.က ၊အ.မ.က(ခွဲ) ကျောင်း ပေါင်း (၁၂၄)ကျောင်း ရှိ ကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံ လျက်ရှိကြောင်းနှင့် ယခင်စာ သင်နှစ်တွင် ကျောင်းအပ်နှံခြင်းနှင့် ကျောင်းတက်ရောက်ခြင်းမရှိသည့် ကျောင်းသား/သူများ အနေဖြင့် ယခုစာသင်နှစ်အတွက် လာရောက်ကျောင်းအပ်နှံကြကြောင်းလည်း တာဝန်ရှိသူများ ထံမှ သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment