Pages

Pages

နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး



MNP -  မေ   ၂၃


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။


ထိုသို့မြို့ပေါ်(၇) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးရာတွင် လာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား ဆရာမများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်စစ်ဆေးခြင်း၊ သွေးအားနည်းခြင်းရှိ၊ မရှိ သွေးစစ်ခြင်း၊ သံဓာတ်ဆေးပြားများပေးခြင်း စသည်တို့ကို ဆရာမများ ကပြုလုပ်ဆောင်ရွက်ခဲ့ကြရာ ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးဝန်ထမ်းများနှင့်ပြသ၍ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို အနည်းဆုံး (၄)ကြိမ် ပြသခံယူကြရန် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမများက လာရောက်ပြသသည့်ကိုယ်ဝန်ဆောင်မိခင်များအား ပြေကြားခဲ့ကြောင်းသိရသည်။ 


သတင်း - လှဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment