MNP - မေ ၁၈
ပျော်ဘွယ်မြို့နယ်အတွင်း ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၆) နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) တွင် ကျင်းပပြုလုပ်သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ကျောင်းဝင်းအတွင်းရှိ ချုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း ကျောင်းဆောင်များ ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလွင်နှင့်အဖွဲ့ဝင်များက လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ခြင်းကို သတ်မှတ်ရက်များအတွင်း အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - မင်းမင်းထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment