Pages

Pages

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု ကြည့်ရှုအားပေး




MNP ၊ မေ ၂၇

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးအောင်မြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ တက္ကသိုလ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များမှာကြားပြီး တက္ကသိုလ်အတွက် လိုအပ်သောသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ်စာသင်ခန်းများတွင် အေးချမ်းစွာပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများထံ သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် သုတေသနစင်တာသို့သွားရောက်၍ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်နှင့် ဘူမိဗေဒဌာနအလိုက် သုတေသနစင်တာတွင် ဖွဲ့စည်းဆောင်ရွက်နေမှု၊ တက္ကသိုလ်သုတေသနစင်တာတွင် မိုးလေဝသသုတေသနစခန်းဖွဲ့စည်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားကာ ဖြည့်ဆည်းပေးခဲ့သည်။


ယင်းနောက် တက္ကသိုလ်ခန်းမတွင် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့်တွေ့ဆုံ၍ တောင်ကြီးတက္ကသိုလ်၏ သင်ကြားရေးနှင့်စီမံရေးကိစ္စရပ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိကာ အဆိုပါကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဒီဂရီကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် သင်တန်းသား၊ သင်တန်းသူများ၊ ပထမနှစ်၊ ဒုတိယနှစ်ဝက် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲအခမ်းအနားတွင် ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်မြန်မာသို့” သီချင်းကို တိုင်းရင်းသားယိမ်းအကဖြင့်လည်းကောင်း၊ မောသျှမ်းမြေသီချင်းကို ရှမ်းရိုးရာယိမ်းအကဖြင့် လည်းကောင်း၊ ပအိုဝ်းရိုးရာယိမ်း အကဖြင့်လည်းကောင်း ဖျော်ဖြေကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာ၊ ဆရာမ လောင်းလျာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အလွန်မွန်မြတ်သော ဆရာ၊ ဆရာမဘဝကို လျှေက်လှမ်းနိုင်ရန်အတွက် ပညာရေး ဘွဲ့ရအောင်ကြိုးစားကြစေလိုပါကြောင်း၊ အခက်အခဲများကြုံတွေ့ပါကလည်း စိတ်ဓာတ်မကျပဲ အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်သည့် မွန်မြတ်သော ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်မှဘွဲ့ရပြီး ကျောင်းများသို့ရောက်သည့်အခါ နိုင်ငံ၏အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကို ဆင်းရဲချမ်းသာစသည်ဖြင့် အဆင့်အတန်းမခွဲဘဲ တန်းတူစေတနာထား၍ ပညာတတ်အောင် သင်ကြားပေးစေလိုပါကြောင်း၊ စာတတ်အောင်သင်ကြားပေးရုံသာမဟုတ်ဘဲ နိုင်ငံတော်က အားထားရသည့် စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ်မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝ သောသူများဖြစ်အောင် ပြုစုပျိုးထောင်သင်ကြားပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment